သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Thursday, 3 November 2011

ဗုဒ္ဓဘာသာကို အကောင်းဆုံးသော ဘာသာအဖြစ် ကမ္ဘာက သတ်မှတ်


ဆွစ်ဇာလန်၊သြဂုတ် ၁၅ ရက်။ ။၂၀၀၉ ခုနှစ်ဇူလိုင်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင် အခြေပြုထားသည့် အပြည်ပြည်ဆိုင်ရာဘာသာတရားနှင့်
ယုံကြည်ကိုးကွယ်မှုဆိုင်ရာအသိဉာဏ်ဖွံ့ ဖြိုးတိုးတက်ရေး
ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (International Coalitation for the Advancement
of Religious and Spirituality) ကကြီးမှူးကျင်းပသော ဘာသာရေးဆိုင်ရာ
ညီလာခံတစ်ရပ်ကို ဂျီနီဗာတွင်ပြုလုပ်ခဲ့သည်။ အဆိုပါညီလာခံသို့  ကမ
္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအပါအဝင် အခြားဘာသာရေးအဖွဲ့အစည်းများမှ
ဘာသာရေးဆိုင်ရာ အကြီးအကဲ ၂၀၀ ခန့် တက်ရောက်ခဲ့
ကြသည်။

အဆိုပါညီလာခံ၌ ဤကမ္ဘာမြေတွင် လူသားများအတွက် အမွန်မြတ်ဆုံးဘာသာတရား "
Best Religion in the World " တစ်ခုကိုမဲစနစ်ဖြင့်ရွေးချယ်ရန် အီကာရပ်စ်(
Icarus ) အဖွဲ့ညွှန်ကြားရေးမှူးဟန်းစ်ဂရိုလီချန်( Hans Groehlichen )
ကစီစဉ်ခဲ့သည်။ထိုသို့ မဲဆန္ဒပေးခဲ့ကြရာ ညီလာခံသို
့တက်ရောက်လာကြသည့် ဘာသာရေးခေါင်းဆောင် ၂၀၀ တို့ က ဗုဒ္ဓဘာသာ
(ဗုဒ္ဓဓမ္မ)သာလျှင်အခြားအခြားသော ဘာသာအယူဝါဒထက်ငြိမ်းချမ်းမှု သဟဇာတဖြစ်မှု
လူသားများအားဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်မှုကိုပေးစွမ်းနိုင်ကြောင်း
ဗုဒ္ဓ၏ဓမ္မမှာ သဘာဝဓမ္မသာဖြစ်ကြောင်းဆုံးဖြတ်ပြီး " အကောင်းဆုံးဘာသာတရား "
အဖြစ်ရွေးချယ်မဲပေးခဲ့ကြသည်ဟု ညွှန်ကြားရေးမှူးဟန်းစ်ကပြောကြားသည်။ ဗုဒ္ဓဓမ္မအား " အကောင်းဆုံးဘာသာတရား" တစ်ခုအဖြစ် မဲပေးခဲ့ကြသည့် ပုဂ္ဂိုလ်များအနက် အီကာရပ်စ်အဖွဲ့ သုတေသနဆိုင်ရာညွှန်ကြားရေးမှူး ဂျွန်နာဟက်ထ်( Jonna Hult )က"
ဗုဒ္ဓဓမ္မကိုအကောင်းဆုံးဘာသာတရားတစ်ခုအဖြစ် ရွေးချယ်တာဟာ တကယ်တော့
အံ့သြစရာမရှိပါဘူး။ဘာကြောင့်ဆိုရင်ကမ္ဘာပေါ်တွင်ဖြစ်ပွါးခဲ့သမျှသော
ဘာသာရေးစစ်ပွဲများအနက် ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွါးခဲ့ရတဲ့ စစ်ပွဲဆိုတာ လူ
့သမိုင်းမှာ မရှိသေးလို့ ပါပဲ။ဒါဟာထူးခြားမှုတစ်ရပ်
ဖြစ်ပါတယ်။အခြားဘာသာတရားများမှာတော့ တကယ်လို
့ဘုရားသခင်သာမှားယွင်းခဲ့သော်ဆိုတဲ့ အတွေးနှင့်ဘာသာတရားတစ်ခုက
အခြားဘာသာတရားတစ်ခုကို လက်နက်စွဲကိုင်ပြီး
တိုင်ခိုက်နိုင်ရန်အတွက်လက်နက်ခဲယမ်းများကို
အသင့်ထားရှိခဲ့ကြပါတယ်"ဟုရှင်းလင်းပြောကြားသွားသည်။" ဗုဒ္ဓဘာသာမှာတော့
ဒီလိုဖြစ်ဖို့ အကြောင်းမရှိပါဘူး။ဗုဒ္ဓက တရားကို
ကိုယ်တိုင်ကျင့်ကြံအားထုတ်ဖို့ သာ ဓမ္မကိုညွှန်ကြားပြသတော်မူခဲ့တယ်"
ဟုထပ်လောင်းပြောကြားသွားသည်။အလားတူ ဘဲလ်ဖတ်စ်မြို့ မှကက်သလစ်ဘုန်းတော်ကြီး တက်ဟိုရှောင်ဟင်နက်ဆီကလည်း
ကက်သလစ်ဘာသာဝင်များမှ ဘုရားသခင်ကိုမြတ်နိုးကိုးကွယ်ကြပြီး
လူသားများအားမေတ္တာ ကရုဏာပွါးများရန်ဟောကြားပြောဆိုနေကြသော်လည်း
လူသားများအားသတ်ဖြတ်နေခြင်းမှာ ဘုရားရှင်၏အလိုတော်ကျအတိုင်းပါဟု
ဘုရားရှင်အားဓားစာခံအဖြစ်အသုံးပြုနေကြခြင်းမှာ
စိတ်မချမ်းမြေ့စရာဖြစ်ပါကြောင်း ထို့ ကြောင့်သန့် စင်မွန်မြတ်သော
ဗုဒ္ဓဘာသာကို မဲပေးခဲ့သည်ဟု ဆိုသည်။ပါကစ္စတန်နိုင်ငံမှ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ တယ်လ်ဗင်ဝါဆတ်ကလည်း
ကက်သလစ်ဘုန်းတော်ကြီး၏် အဆိုကိုထောက်ခံပြီး "မိမိသည်
အစ္စလာမ်ဘာသာကိုယုံကြည်သက်ဝင်သူတစ်ဦးဖြစ်သော်ငြားလည်း
ဘာသာတရားကိုအကြောင်းပြု၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်များကိုရှေ
့တန်းတင်ကာရန်ငြိုးဖွဲ့ခြင်း မလိုမုန်းထားခြင်း
အမျက်ဒေါသထွက်ခြင်းဖြင့်သတ်ကြဖြတ်ကြ သွေးမြေခကြရသည်ကိုစိတ်ပျက်ဖွယ် တွေ
့နေရသဖြင့် ဗုဒ္ဓဘာသာကို အကောင်းဆုံးဟုမဲပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။အလားတူ အစ္စရေးနိုင်ငံ ရဟူဒီ(ဂျူး)ဘုန်းတော်ကြီးရှင်မြူယယ်ဝါဆာစတိန်း (Shmuel Wasser Stein)က
" ကျွန်တော်ဂျူးဝါဒကို ကမ္ဘာတွင်အကြီးအမြတ်ဆုံးသော
ဘာသာတရားအဖြစ်မြတ်နိုးနှစ်သက်ပါသော်လည်း ဂျူးဘာသာကို ဝတ်မပြုမီ ဗုဒ္ဓ၊ ဓမ္မ၊
ဝိပဿနာတရားကို ကျင့်ကြံအားထုတ်ခဲ့သည်မှာ ၁၉၉၃ ခုနှစ်ကတည်းကပါပဲ" လို့ မိန်
့ကြားသွားသည်။အဆိုပါညီလာခံသို့ တက်ရောက်ခဲ့သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး"
ဘဒ္ဒန္တဂုရတ္တဟန္တာ" ကဗုဒ္ဓဘာသာအား အကောင်းဆုံးဘာသာတစ်ရပ်အဖြစ်
ရွေးချယ်ခဲ့သည့် "
အကောင်းဆုံးဘာသာတရားဆု"ကိုလက်ခံခဲ့ခြင်းမရှိကြောင်းသိရသည်။အကြောင်းမူ ဗုဒ္ဓဘာသာအား
အကောင်းဆုံးဘာသာတစ်ရပ်အဖြစ် ရွေးချယ်ခဲ့ခြင်းအတွက်ဂုဏ်ယူ
ဝမ်းမြောက်မိပါကြောင်း သို့ သော်ကျွန်ုပ်လိုချင်သည်မှာ ဆုမဟုတ်ကြောင်း
လူသားများအားလုံး သံသရာဝဋ္ဋ်ဆင်းရဲမှ ကင်းလွတ်ရာနိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုနိုင်ရန်အတွက် သင်တို့ အားလုံး
ဝိပဿနာဒေသနာများကကိကျင့်ကြံကြိုးကုတ် အားထုတ်ကြရန်ကိုသာ လိုလားပါကြောင်း
ပြောကြားသွားသည်ဟု ထရီဗျုန်း ဒီ ဂျီနီဗာသတင်းစာတွင် ဆောင်းပါရှင် လင်ဒါမူလင် ကရေးသားဖော်ပြထားသည်။ REF:
Tribune de Geneve 15-09-2009, by Linda Moulin ကိုဆီလျော်သလို
ဘာသာပြန်ဆိုပါသည် ဟု hello myanmar သတင်းနှင့်အားကစား အပတ်စဉ်ဂျာနယ် အတွဲ
၃။အမှတ် ၁၄ ။သြဂုတ်လ ၂၇ ရက် ၊၂၀၁၀ခုနှစ်ထုတ် သတင်း နှင့်အားကစား
အပတ်စဉ်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။သင်တို
့အားလုံးလည်း ဗုဒ္ဓဘာသာအား အကောင်းဆုံးဘာသာတစ်ရပ်အဖြစ်
ရွေးချယ်ခဲ့ခြင်းအတွက် ထပ်တူဂုဏ်ယူ ဝမ်းမြောက်မိလိမ့်မည်
ဟုကျွန်ုပ်ထင်ပါသည်။ကျွန်ုပ်တို့ သည် ကြာကန်နားနေပြီးရေသောက်ချင်သည်ဟု
ညည်းတွားနေကြသူများနှင့်တူပါသည်။ကြာပင်ကြာရွက်များကိုဖယ်ရှားလိုက်ရုံနှင့်ရေကြည်ရေသန်
့ကိုခပ်ယူသောက်၍ရနိုင်ပါလျက် ကြာပင်ကြာရွက်တို့ ကိုမဖယ်နိုင်
ဘဲရေကိုသာတကျော်ကျော်တောင်းနေကြသူများနှင့်တူနေပါသည်။ကျွန်ုပ်တို
့ယုံကြည်ကိုးကွယ်နေသော ဗုဒ္ဓအယူဝါဒသည် ကမ္ဘာတွင်
အကောင်းဆုံးဘာသာတရားဖြစ်သည်ဟု
အခြားသောဘာသာရေးခေါင်းဆောင်ကြီးများကပင်လျှင်အသိအမှတ်ပြုသွားရပြီဖြစ်ပေသည်။
ကျွန်ုပ်တို့ သည်ဗုဒ္ဓအယူဝါဒကို
သာမန်မိရိုးဖလာကိုးကွယ်ခြင်းလောက်သာမဟုတ်ဘဲ သူတော်ကောင်းဥစ္စာ(၇)ပါးဖြင့်
သန့် စင်နက်နဲသော ယုံကြည်ကိုးကွယ်ခြင်း ယုံမှားကင်းသောယုံကြည်ကိုးကွယ်ခြင်း
ဗုဒ္ဓဘာသာဝင်တို့ ရည်မှန်းရာနိဗ္ဗာန်ကိုရည်စူး၍ ယုံကြည်ကိုးကွယ်ခြင်းတို့ 
ဖြင့် ကိုးကွယ်ပူဇော်သင့်ကြပေပါသည်။ ကျွန်ုပ်သည်ဤသတင်းလေးကို လူအများဖတ်ရှူ
့ခွင့်ရအောင် တင်ပေးမည်...တင်ပေးမည်ဟု
ရည်ရွယ်ခဲ့သည်မှာအတော်ပင်ကြာခဲ့ပါပြီ။သင်သူတော်ကောင်းအပေါင်းတို့ လည်း
မြတ်ဗုဒ္ဓအားသက်ဝင်ယုံကြည်ကိုးကွယ်သောသူများဖြစ်ပြီးလျှင် ရတနာမြတ်(၃)ပါးအား
အခါမလပ်ယုံကြည်ကိုးကွယ်သောသူများဖြစ်နိုင်ကြပါစေ။ကျွန်ုပ်သည်
လောက(၃)ပါးတွင် အမြတ်ဆုံးဖြစ်သော ဘုရားရတနာ လောက(၃)ပါးတွင်
အမြတ်ဆုံးဖြစ်သောတရားရတနာ လောက(၃)ပါးတွင်အမြတ်ဆုံးဖြစ်သော သံဃာရတနာ
တည်းဟူသောရတနာမြတ်(၃)ပါးကိုပူဇော်ကြည်ညိုသောအားဖြင့် ဤသတင်းလေးကို
ပြန်လည်ရှာဖွေဖော်ပြပေးပါသည်။

No comments:

Post a Comment