သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Monday 2 January 2012

စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း


(
) အကြောင်းခံ
သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။

(
) သာသနာနှစ်
(
၄၅၀) နှစ်

(
) နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ

(
) ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်

(
) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)

(
) မင်း
ဝဋ္ဋဂါမဏိမင်း

(
) ကြာမြင့်ချိန်
တစ်နှစ်

-
သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။

-
အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။

-
သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ၀ဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု () ထု ပူးပေါင်းဆောင်ရွက်ကြသည်။

-
ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

No comments:

Post a Comment