သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Monday 2 January 2012

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း


(
) အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီး နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
() သာသနာနှစ်
(၂၄၉၈) နှစ်
() နေရာ
မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ

(
) ခေါင်းဆောင်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ

(
) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း (၂၅၀၀)

(
) မင်း
ဖဆပလ ဦးနု အစိုးရ

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ နှစ် (၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။

-
ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀၀) တွင် ထေရ၀ါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ () နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊

-
ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု () ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။

-
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် () ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။

ကျေးဇူးသိမှကျေးဇူးဆပ်
-
သတ္တ၀ါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို မသိ၍သာ ကျေးဇူးကိုပြန်လည် မပေးဆပ် ကြသေးဘဲ လွှင့်မျော၊ မေ့လျော့နေခဲ့ကြသည်။
- ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပေ။
(
) ဘုရားရှင်၏ ဘုရားအလောင်း ဘ၀မှ ကျေးဇူးတော်
(
) ဘုရား ဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူတော်
(
) ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင် သူမြတ်များ ပါဝင်သော သံဃာထု၏ ကျေးဇူးတော်
(
) ခေတ်အဆက်ဆက်သာသနာ့အကျိုးပံ့ပိုးပေးခဲ့သော အာဏာပိုင် မင်းထု ၏ ကျေးဇူးတော်
(
) သာသနာ့အကျိုးဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ ပြည်သူလူထု ၏ကျေးဇူးတော်

သမိုင်းတလျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘ၀ပေါင်း မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော တန်ဖိုးဖြတ်၍ မရနိုင်သော ဗုဒ္ဓသာသနာတော်ကိုမျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီးထိန်းသိမ်း စောင့်ရှောက် ကျေးဇူးဆပ်ရန်လိုအပ်လှပေသည်။
 
ယနေ့ခေတ်သာသနာအခြေအနေ
-
သာသနာနှစ်(၂၃၅)နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ () ပုံ ()ပုံသည် ဗုဒ္ဓသာသနာ လွှမ်းမိုးခဲ့ရာမှ ယနေ့ခေတ်တွင်ထေရ၀ါဒ ဗုဒ္ဓသာသနာ သည် ()နိုင်ငံသာကျန်ပေတော့သည်။
-
ကမ္ဘာ့လူဦးရေဖြင့်နှိုင်းယှဉ်လျှင် သန်းပေါင်း (၆၁၀၀) ခန့် ရှိသောကမ္ဘာတွင် သန်းပေါင်း (၂၅၀)ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသဖြင့် ယခင်က ကမ္ဘာ့ လူဦးရေ ၏ (၈၀) ရာခိုင်နှုန်းမှ ယခု () ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း မှန်းဆကြလေသည်။
-
မြန်မာနိုင်ငံသည် ထေရ၀ါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ (၈၀) ရာခိုင် နှုန်းခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ထေရ၀ါဒ ဗုဒ္ဓသာသနာအကြောင်းနားလည်သူနည်းပါလှ ပေသည်။
သို့အတွက်ကြောင့် ယခုအချိန်တွင် သံဃာထုနှင့် မင်းထုအပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သော်လည်း ပြည်သူ လူထု အပိုင်းမှ ကြိုးစားဆောင်ရွက်မှု လွန်စွာအားနည်းနေပေသည်။

ဘုရားသာသနာအကျင့်နှစ်ဖြာ
-
ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်
(
) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်းလုပ်ငန်း (စာသင် တိုက်များ၊ တရားပွဲများ) နှင့်
(
) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သော တရားတော်များကိုခန္ဓာ တွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ် လေ့ကျင့် ရသော လုပ်ငန်း (၀ိပဿနာရိပ်သာ များ၌ အားထုတ်ခြင်း) များကိုသာ အကျင့်()ဖြာဟုခေါ်ဆိုရပေမည်။
သမိုင်းကြောင်း မှအားနည်းချက်များ
၁။ ဗုဒ္ဓသာသနာ၏ အခြေခံအနှစ်သာရများ ကို သိမြင်နားလည်မှုအားနည်းခြင်း
၂။ ဗုဒ္ဓ၏အလိုတော်ကျသည် မိမိခန္ဓာမှာတရားတွေ့နိုင်ရေးကျင့်ဖို့ အဓိကဆုံးမခဲ့သော်လည်း ခန္ဓာကိုယ်တွေ့ ကျင့်ကြံရှုမှတ်မှု နည်းပါးခဲ့ခြင်း
၃။ သာသနာပြုလုပ်ငန်းသည် အများအကျိုးသယ်ပိုး သည့်လုပ်ငန်းဖြစ်သော်လည်း မိမိအကျိုးကိုသာ ဆောင်ရွက်ခဲ့သူများပြားနေခဲ့ခြင်း
၎။ သာသနာပြုလုပ်ငန်းသည် တစ်ဦးတစ်ယောက်တည်းအနည်းစုဖြင့် လုပ်၍မရ သာသနာဝင်အားလုံး အများစုမှ ပူးပေါင်းဆောင်ရွက်ရန် အားနည်း နေကြခြင်း
၅။ သာသနာတော်ကြီးသန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် ကြုံသလိုလုပ်၍မရ အမြော်အမြင်ကြီးမားစွာဖြင့် ရေရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်ရန် အားနည်းနေခဲ့ခြင်း
အားနည်းချက်ကိုပြုပြင်ကြစို့
ဗုဒ္ဓသာသနာဝင်အားလုံးတို့ရေ -
၁။ ထေရ၀ါရဗုဒ္ဓသာသနာတော်၏ အခြေခံအနှစ်သာရများ ကို အနည်းဆုံး အနှစ်ချုပ် များ သိမြင်နား လည်လာအောင် ဆောင်ရွက်ကြရန်
၂။ ဗုဒ္ဓအလိုတော်ကျ မိမိသိသောတရားများကို မိမိခန္ဓာမှာ ကျင့်ကြံ့ရှုမှတ် ကြရန်
၃။ သာသနာပြုလုပ်ငန်းဆောင်ရွက်သူတိုင်း ကိုယ်ကျိုးစွန့်လွှတ်ပြီး အများအကျိုးအတွက် သာသနာတော် အကျိုးတစ်ခုတည်းသာ ရည်ရွယ်ပြီး စစ်မှန်စွာ သာသနာပြုကြရန်
၎။ ဗုဒ္ဓသာသနာဝင်အားလုံးတို့သည် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် လူတိုင်းတွင် တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက် လာနိုင်ရေးစည်းရုံးကြရန်
၅။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် အမြော်အမြင်ကြီးမားစွာဖြင့် ဘက်စုံမှလိုအပ်သော အင်အားများစုစည်းပြီး ရေရှည် စီမံကိန်း မဟာဗျူဟာ နည်းဗျူဟာများ ရေးဆွဲပြင်ဆင်ပြီး ဆောင်ရွက် ကြရန်

အင်အား () အား အမြဲဖြည့်ထား
၁။ ဓမ္မအား
ဗုဒ္ဓဘုရားရှင်၏ မူရင်းအတိုင်းစစ်မှန်သောဓမ္မကို မှန်တိုရှင်းနည်းလမ်းဖြင့် စုထားသောတရားဓမ္မအင်အား

၂။ လူအား
အယုတ် အလတ် အမြတ် လူတန်းစားမရွေး သူတောင်းစားအရူးပါမကျန် စုစည်းထားသော လူအင်အား

၃။ ဓနအား
သာသနာတော်အတွက် ပံ့ပိုးကူညီပေးသော ငွေအား ပစ္စည်းဥစ္စာအားရှိသော ပုဂ္ဂိုလ်များ၏အင်အား

၎။ အာဏာအား
အစိုးရမင်းများ၏ ပံ့ပိုးကူညီ စောင့်ရှောက်မှုသည် လွန်စွာ ကြီးမားသောအင်အား

၅။ အကြံဥာဏ်အား
သာသနာတော်အတွက် နည်းမှန်လမ်းမှန် တိုးတက်စေရန် ထက်မြတ်သော အကြံဥာဏ်ပေးနိုင်သော ပုဂ္ဂိုလ်များ၏ အင်အား

မှတ်သားရမည့်ဥပမာ
-
တတိယအကြိမ်သင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောကမင်းသည် မှတ်တမ်းတင်ကျောက်စာတိုင်များ ထုလုပ်စိုက်ထူခဲ့စဉ်က ကျောက်တိုင်များ၏ ထိပ်တွင် တိရစ္ဆာန် () ကောင်ကို ထုလုပ်ခဲ့သည်။

(
) ခြင်္သေ့ = ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသတ္တိရှိရန်
(
) ဆင် = ဆင်ကဲ့သို့ ခွန်အားကြီးမားမှုရှိရန်
(
) မြင်း = မြင်းကဲ့သို့ သွက်လက်ဖြတ်လတ်စွာ လုပ်ဆောင်ရန်
(
) နွား = နွားကဲ့သို့ ၀န်ဆောင်နိုင်သကဲ့သို့ သည်းငြီးခံနိုင်ရန်
သာသနာပြုသူတို့သည် ၄င်းတိရစ္ဆာန် () ကောင်၏ ထင်ရှားသော စရိုက်ကဲ့သို့ အတုယူလုပ်ဆောင် ကြရန် ဥပမာပေးခဲ့ပေသည်။

သာသနာပြုသူစိတ်ဓာတ်
-
စိတ်ရှည် ဇွဲသန် သည်းငြီးခံ ပြုရန်သာသနာ
-
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ စသောဆောင်ပုဒ်များနှင့်အညီ သာသနာပြုမည့်သူသည် မာန် (မာန) ကိုလည်း လျော့၊သည်းငြီးခံပြီး မိမိအကျိုး အတွက် ရယူခြင်း (လာဘ၊ သက္ကာယ၊ သိလောက) ကို သွယ်ဝိုက်၍ပင်လျှင် မယူမိစေရန်နှင့်အများအကျိုးဆောင်ရွက်ချင်သော စေတနာအပြည့် ထားပြီး ဗုဒ္ဓ သာသနာတော်ကြီးအတွက် မိမိစွမ်းဆောင်နိုင်သည့် အခန်းကဏ္ဍမှ နိုင်သလောက် ပေးဆပ်ကြရမည် ဖြစ်သည်။
 
ထေရ၀ါဒ () နိုင်ငံမှ ဆရာတော်ကြီးများ၏ နောက်ဆုံးညှိနှိုင်းသဘောတူညီချက်

၁။ Restoration (နဂိုမူရင်းအတိုင်း အစားထိုးခြင်း)
၂။ Preservation (မူရင်းအတိုင်းကိုသာ သိမ်းဆည်းထားခြင်း)
၃။ Promotion (တိုးတက်အောင် ကူညီအားပေးခြင်း)
၎။ Propagation (ပြန့်ပွားခြင်း)
၅။ Protection (ကာကွယ်ခြင်း)
အထက်ပါ () ချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ကြရန်

သာသနာပြုကြရအောင်
ဗုဒ္ဓသာသနာဝင်အပေါင်းတို့ရေ -
-
ဗုဒ္ဓ၏အဆုံးအမ တရားတော်များအား မိမိခန္ဓာကိုယ်တွင်းမှာ ထိုးထွင်းသိပြီး လင်းထိန်နိုင်ရန်၎င်း
-
မိမိခန္ဓာမှာတရားတွေ့ပြီးနောက် တစ်ပါးသောသတ္တ၀ါများ အားလုံးကိုလည်း မိမိသိသလို မြင်သလို သိမြင်လာနိုင်ရေးကူညီပံ့ပိုးနိုင်ရန်၎င်း
-
ကျေးဇူးကြီးမားလှတဲ့ ဗုဒ္ဓသာသနာတော်ကြီး အနန္တစကြာဝဠာမှ အလင်းဆုံဖြစ်သော နေမင်းကဲ့သို့ထွန်း လင်းနိုင်ရန်၎င်းရည်ရွယ်ကြပြီးလျှင် မိမိ အကျိုး အများအကျိုး သယ်ပိုးဆောင်ရွက်ကြဖို့ ကာယကံ ၀စီကံ မနောကံ ()ပါးတို့တွင် မိမိဆောင်ရွက်နိုင်သော ကံတို့ဖြင့် အချိန်ရှိတိုင်း ဗုဒ္ဓသာသနာဝင် အားလုံး တို့မှ မိမိတို့တစ်ပိုင်တစ်နိုင် ပံ့ပိုးကူညီကြမည်ဆိုလျှင်
(
သာသနာတော်ကြီးလင်းထိန်သကဲ့သို့ အနန္တသတ္တ၀ါအားလုံးတို့သည် ချမ်းသာအစစ်သို့ မလွဲမသွေ ရရှိနေကြမည်ဖြစ်ပေသည်။)
 
စုပေါင်းညီညာအောင်ကြောင်းဖြာ
ထေရဗုဒ္ဓသာသနာဝင်အပေါင်းတို့ -
ထေရ၀ါဒဗုဒ္ဓသာသနာတော်သည်
၁။ Practical System (လက်တွေ့ပြည့်စုံသောစနစ်)
၂။ Ethical System (ကိုယ်ကျင့်တရားပြည့်စုံသောစနစ်)
၃။ Spiritual System (စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
၎။ Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

စစ်မှန်လှသောစနစ် (၄) မျိုးဖြင့် ပြည့်စုံလှသော ထေရ၀ါဒဗုဒ္ဓသာသနာတော်၏ ဓမ္မအား ပြည့်စုံလှပြီး အချိန်မရွေး ပုဂ္ဂိုလ်မရွေးနေရာမရွေး ဖိတ်ခေါ် နေနိုင်သော အခြေအနေရှိပါလျက် လူအားဓနအား အာဏာအား အကြံဥာဏ်အားရှိသော သာသနာဝင်များမှ အမြန်ဆုံး မိမိတို့တစ်ပိုင် တစ်နိုင် ၀ိုင်းဝန်းသယ်ပိုး ကူညီပံ့ပိုးကျင့်ကြံကြမည်ဆိုလျှင် မိမိသည်လည်း မြင့်မြတ်လူသားဖြစ်ပြီး တစ်ခဏတာမျှ ကြုံကြိုက်နေသော လူ့ဘ၀ရောက်ခိုက် မှာ အနှစ်သာရ ပြည့်ဝကြစေဖို့ ကြိုးစားကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။

No comments:

Post a Comment