သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။
Showing posts with label ပရိတ်အစွမ်းအံ့မခန်း. Show all posts
Showing posts with label ပရိတ်အစွမ်းအံ့မခန်း. Show all posts

Friday, 11 November 2011

ပရိတ်အစွမ်းအံ့မခန်း

          တောင်တန်းသာသနာပြုဆရာတော် ဘုရားကြီး ဦဥတ္တမဿာ ရကိုသိကြတယ်နော်၊ ဆရာတော်ကြီးရဲ့ ပရိတ်ရည်အစွမ်း ကလည်းအံ့မခန်းပါပဲ၊ ဆရာတော်ကြီး သက်ရှိထင်ရှားရှိတုံးက ပရိတ်တရားပွဲတွေမှာ ပရိတ်ရည်တွေဆူပွတ်ပြီးကျလာတယ်ဆိုတာကြားဘူးကြမှာပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လူကြီးတွေပြောပြတာကြားဘူးပါတယ်။
ပရိတ်ရည် ကို အိမ်မှာထားပြီး လိုအပ်သလို သုံးနိုင်ပါတယ်၊ ရောဂါ တွေပျေက်တာကတော့ အံ့မခန်းပါပဲ။ ကင်ဆာ ရောဂါတောင်ပျေက်တယ်ဆိုပဲ။ သူငယ်ချင်းတို့ ရဲ့ အဖေ၊ အမေ တွေ မေးကြည့်ပေါ့။ အခု ကျွန်တော်ကတော့ ကိုယ်တွေ့ အကြောင်းလေး ပြောပြချင်လို့ပါ။ ကျွန်တော်က တယောက်ထဲ သူများနိုင်ငံမှာနေရတာဆိုတော့အစစ အရာရာ ဂရုစိုက်ရတာပေါ့၊ အလုပ်အကိုင်အဆင်ပြေဖို့၊ ကျန်းမာဖို့....စသည်ဖြင့်ပေါ့၊
ဆရာတော်ကြီး ရဲ့ ပုရိတ်(mp3)ကို ဟမ်းဖုန်းထဲမှာ ထည့်ထားတယ်။ မနက် အိပ်ယာ ထတာနဲ့ဘုရားစင် ပေါ်မှာ ၊ ပုရိတ်ရည် ဘူးကို အဖုန်းဖွင့်ပြီး အစအဆုံးဖွင့်တယ်၊ အလုပ်သွား ရင် ပုရိတ်ရည် ကို သောက်ပြီး အန္တရယ်ကင်းဖို့ ဆုတောင်းတယ်။ ပရိတ်ရည် ဘူးလျှော့သွားတဲ့ အခါ ရေသန့် ပြန်ပြီးဖြည့်ပေးရတာပေါ့။
ပထမဆုံး ကျွန်တော့ စက်ရုံက စာရေးမ ကောင်မလေးတယောက် မကျည်း သီးစားရင် နဲ့ တီဗွီ ကြည့်တာ၊ ရီစရာ တွေ့တော့ ရီလိုက်တာ မကျည်းသီးအစိက လည်ချောင်းမှာတစ် နေတယ်တဲ့၊ ၂ ရက် ၃ ရက် နေလဲ မပျောက်ဘူး၊ နေရထိုင်ရ ခက်လာတော့ ဆရာဝန်သွားပြတယ်၊ ဆရာဝန် က တော်ရုံ တန်ရုံပဲ စစ်ဆေးပြီး ဆေးပေး လိုက်တယ်၊မသက်သာဘူး။ နောက်ထပ် ၂ ရက် လောက်နေတော့ ဆေးရုံ ကို သွားပြတယ်တဲ့၊ ဆရာဝန်က လည်ချောင်းကို သေသေချာချာ စမ်းပြီး ဘာမှ မရှိပါဘူး၊ စိတ်ထင်လို့ပါဆိုပြီး၊ ဆေးပေးလိုက်တယ်တဲ့။ ဒါပေမဲ့ မသက်သာဘူး၊ ကောင်မလေး စိတ်ထဲ မှာတော့ အစိ က လည်ချေင်းမှာတစ်နေတယ် လို့ ပဲ ထင်နေတယ်တဲ့။ ဒါနဲ့ ပဲ ကျနော် လဲ အဲဒီ ကောင်မလေး ကို ပုရိတ်ရည် တိုက်ဖို့ စိတ်ကူးရသွားတယ်၊ အလုပ်က အပြန် ရေသန့် ဘူး အသစ် တဗူးဝယ်တယ်၊ အိမ်ရောက်တော့ ရေသန့်ဗူးအသစ် ထဲ က အရည် နဲနဲ ကို ထုတ်ပြီး၊ ကျွန်တော် မှာ ရှိတဲ့ပုရိတ်ရည် နဲ့ ထပ်ဖြည့်တယ်။ ပြီးတော့ ဘုရားစင် ရှေ့မှာ ရေဗူးအဖုန်းဖွင့်ပြီး ဆရာတော်ကြီး ပရိတ်ကို ဖွင့်တယ်။ နောက်နေ့ မနက် အလုပ်မသွားခင် တခါ ထပ်လုပ်တယ်။ စက်ရုံရောက်တော့ ကောင်မလေး ကို သေသေချာချာ ရှင်းပြတယ်၊ မနက် တခါ၊ ည ဘက်တခါ၊ ယုံယုံ ကြည်ကြည် နဲ့ ကိုယ် ပျော်ချင်တဲ့ ရောဂါ ကို ကို ပျေက်ပါစေ လို့ ဆုတောင်းပြီး သောက်ခိုင်းတယ်။ သူ ကလည်း ဗုဒ္ဒဘာသာ ဆိုတော့ ပြောရတာလွယ်ပါတယ်။ ၃ ရက်လောက်နေတော့ အစိ က လည်ချေင်းထဲ မှာ ရှိနေတယ် လို့ မခံစားရတော့ဘူးတဲ့။
နောက်ထပ် ယောက် ကတော့ လွန်ခဲ့ တဲ့ တနှစ် လောက် က ဗိုက်ခွဲထားတာ၊ အခုတလော ချုပ်ရိုး က နာနာ နေတယ် တဲ့ လေ၊ အထဲမှာ ဘာများဖြစ်နေလဲ စိုးရိမ်နေတာပေါ့။ စာရေးမကောင်မလေးက ပုရိတ်ရည် အကြောင်းပြောပြတော့၊ သူက လိုချင်တယ်ဆိုတော့ ပေးလိုက်တာ၊ ၃ ရက် လောက် ပဲ သောက်လိုက်တယ် မနာတော့ ဘူးတဲ့။ နောက်ထပ် ကောင်လေးတယောက်ကတော့ အစာအိမ်မှာ အနာ ပေါက်တာ တဲ့၊ ဘာမှ မစားနိုင်ဘူး၊ စားလို့ လဲ မရဘူး။ပြန်ပြန် ပြီး အန်တယ်တဲ့။ ဆေးရုံ လည်း ခဏခဏ သွားပြတယ်၊ ဒီမှာတော့ ကျန်းမာရေး အာမခံ ရှိတော့ အချိန်မရွေး အလွယ် တကူ သွားနိုင်တာပေါ့၊ ဒါပေမဲ့ မသက်သာ ဘူး၊ သောက်လိုက်ရတဲ့ ဆေးတွေ ကလည်း မနဲတော့ဘူး။ လူလည်း အတော် လေး ပိန်ချုံး နေပြီ။ သူ့ မိန်းမ က ကျွန်တော့် ဌာန မှာ လုပ်တာ ဆိုတော့ သူ့ မိန်းမ လည်း ခဏခဏ အလုပ်တွေ ပျက် ရင်း နဲ့မှ အကျိုးအကြောင်းသိရတာ။ ကောင်လေးက ခွင့်ရက်ရည် ယူထားရတယ်။ သူ့ မိန်းမက ပြောတယ်၊ မသက်သာရင်တော့ ဇာတိ ရပ်ရွာပဲ ပြန်တော့မယ်တဲ့။ ဒီမှာတော့ အခန်းဌားနေခ နဲ့ အလုပ် ခဏခဏ ပျက် ရင် မလွယ်တော့ဘူးတဲ့။ ဒီနေရာမှာလည်း ဆရာတော်ကြီး ပုရိတ်ရည်က အံ့မခန်းပါပဲ။ ကျွန်တော် ပရိတ်ရည် ပေးပြီး တပတ်လောက်မှာ အစားစားနိုင်လာတယ် တဲ့။ နောက် ၂ ပတ် လောက်နေတော့ အလုပ်ပြန်ဆင်းနိုင်ပြီ တဲ့ ဗျာ။ နောက်ရှိသေးတယ်....စာရှည်မှာစိုးလို့။
ဆိုလိုချင်တာကတော့ ယုံယုံကြည်ကြည် နဲ့ တကယ် သုံးတတ်ရင် ဆရာတော် ကြီးရဲ့ ပုရိတ်ရည် ဟာ အံ့မခန်းအစွမ်းထက်ပါတယ်။ သူငယ်ချင်းတို့ လဲ ဓမ္မ ၀က်ဆိုက် တခုခု ကနေ ဆရာတော်ကြီး ရွတ်တဲ့ ပရိတ်ကို ဒေါင်းလုဒ် လုပ်ပြီး နေ့စဉ် ဖွင့်ပြီးကြည်ညို သဒ္ဒါပွား ကြမယ် ဆိုရင်ဖြင့်...........
>>>Read more>>> >>