သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Tuesday, 27 December 2011

စေတိယ ဇာတ်တော်


ဤကမ္ဘာ၏ အရှေ့ပိုင်းလောက်က စေတိယတိုင်းပြည်ဝယ် "ဥပ၀ရ"ခေါ်စေတိယမင်း၏ မုသားစကားမှာ ဖြူစင်
သော ကောင်းကင်၌ ညိုမှိုင်းသောတိမ်တိုက်မမာ တစ်ကမ္ဘာလုံး သစ္စာတည်သောအခါဝယ် ရှေးဦးစွာပေါ်လာသော
မုသားဖြစ်၍ နစ်နစ်ကာကာလွန်စွာဆိုးဝါးလျက် ယခုတိုင်အောင်ပင် ထင်ရှားခဲ့လေသည်။ထိုမင်းကားသာမန်မဟုတ်
ကောင်းကင်ပျံနိုင်ခြင်း၊နတ်သားလေးယောက်သက်တော်စောင့်ရခြင်း၊ကိုယ်မှစန္ဒကူးနံ့မွှေးခြင်း၊ခံတွင်းမှလည်းကြာညိုနံ့မွှေးခြင်းဟူသောတန်ခိုး လေးမျိုးနှင့်ပြည့်စုံသူတည်း။တက္ကသိုလ်၌ပညာသင်တုန်းကပုရောဟိတ်ကြီး၏ညီဖြစ်သောကောရကလမ္ဗနှင့် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီးသူဖြစ်၏။မိမိအရှင်ဘုရင်ဖြစ်လျှင် ကောရကလမ္ဗကိုပင် ပုရောဟိတ်ရာထူး တင်မည်ဟုဝန်ခံခဲ့၏။သို့သော် ရှင်ဘုရင်ဖြစ်လာသောအခါ၌ကား ပုရောဟိတ်ဟောင်းကို ရာထူးမှမချနိုင်၊ပုရောဟိတ်ဟောင်းကမူ သူ၏ရာထူးကို သားအားလွှဲအပ်၍ ရသေ့ရဟန်းပြုသွားလေသည်။
ကောရကလမ္ဗသည် ပုရောဟိတ်ရာထူးကို မရသောကြောင့် သူ၏နောင်တော်ပုရောဟိတ်ဟောင်းအပေါ်
မှာ ရန်ငြိုးဖွဲ့၏။ထုံးစံအားဖြင့်လည်းပုရောဟိတ်ရာထူးမှာ နောင်တော်သာလက်ကိုင်ဖြစ်၏။ထို့ကြောင့်နောင်တော်က
အခွင့်မပြုသဖြင့် ထိုရာထူးကိုအတင်းမပြောင်းလွှဲနိုင်ချေ။သို့ဖြစ်၍ထိုရာထူးအတွက်ဘုရင်နှင့်ကောရကလမ္ဗ(သူငယ်
ချင်း ၂ ယောက်တို့မှာ)အခက်ကြုံကြရတော့၏။တနေ့သ၌ကား ထိုရာထူးအတွက် စဉ်းစားရင်း ဘုရင်ကသူ၏သူငယ်
ချင်းကိုပြောသည်မှာ............
ဘုရင်။ ။ကောရကလမ္ဗ ရာထူးအတွက်မပူနှင့် ငါကိုယ်တိုင်ပရိတ်သတ်အလယ်မှာ''သင့်ကို အစ်ကိုကြီး သင်၏နောင်တော်ကိုအငယ်"ဟုမုသားပြောမည်။သည်လိုဆိုလျှင် သင်ကအကြီးဖြစ်၍ ရာထူးကိုရခွင့်ရှိ၏။
ကောရကလမ္ဗ။ ။မင်းမြတ်သည်အကြံဟာကောင်းပါ၏။သို့သော် နောင်တော်ကတန်ခိုးကြီးသူဖြစ်၏။ယခုလို
မုသားပြောလျှင် နောင်တော်ကအရှင်မင်းမြတ်၏ တန်ခိုးတွေကို(တကယ်မကွယ်ဘဲ)ကွယ်
ပျောက်သလိုဖြစ်အောင်လုပ်ပါလိမ့်မည်။မြေကြီးထဲသို့ တကယ်မ၀င်ဘဲနှင့်ဝင်သလိုဖြစ်
အောင်လုပ်ပါလိမ့်မည်။ထိုအခါ၌ အရှင်မင်းမြတ်က မုသားစကားကိုမတည်ဘဲ စကား
ပြောင်းလဲသွားလျှင် အကျိုးမရှိနိုင်ပါ။[ဤကား နောင်ဖြစ်ခဲ့လျှင် ဘုရင်စိတ်မပျက်အောင်
ကြိုတင်၍ တုပ်နှောင်သောစကားများတည်း။]
ဘုရင်။ ။ ကောရ သည်လိုစကားပြောင်းလိမ့်မည်ဟုမထင်ပါနှင့်၊ မုသားကိုငါပြောမြဲပြောမည်။
ကောရ။ ။ဘယ်အခါပြောမည်နည်း။
ဘုရင်။ ။ယနေ့မှနောက် ၇ ရက်မြောက်၌ပြောမည်။
ဤသို့ ဘုရင်နှင့်ကောရကလမ္ဗတို့ တိုင်ပင်ကြသောစကားသည် တစ်မြို့လုံးသို့ ပြန့်နှံ့သွား၏။ထိုအခါ
၌ကား မုသားကိုမကြားဖူးကြ။အထူးသစ္စာတည်သောအခါဖြစ်၍ ဘုရင်ပြောမည့်မုသားဆိုတာဘယ်ဟာပါလိမ့်
"ညိုညိုလား ရွှေရွှေလား"ဟု မုသား၏အဆင်းအရောင်အကောင်အထည်ကိုပင် ကြိုတင်၍စဉ်းစားကြလေ၏။ထိုမျှ
လောက်သတင်းကြီးနေသော မုသားကိုကြည့်ရှုကြားသိလိုသော မြို့သူမြို့သားတို့သည် ဘုရင်မုသားပြောမည့်
ဌာန၌ ခုတင်ကြီးငယ်အသွယ်သွယ်ခင်းလျက် အလုအယက်နေရာယူကာ ၇ ရက်မြောက်နေ့ဝယ် စောစောကပင်
ပရိတ်သတ်တွေပြည့်ကျပ်ကျိတ်ခဲနေလေသည်။ထိုသို့ပရိတ်သတ်အစုံညီဝယ် အခြွေအရံများနှင့်တကွ ဘုရင်နှင့်
ကောရကလမ္ဗတို့အပြင် ပုရောဟိတ်ဟောင်းရသေ့လည်း ဈာန်အဘိညာဉ်ဖြင့်ကောင်းကင်ခရီးမှ ဆိုက်ရောက်လေ
၏။ထိုအခါ................
ရသေ့။ ။မင်းမြတ်၊အငယ်ကိုအကြီး၊အကြီးကိုအငယ်ဟု မုသားပြောမည်ဆိုတာ မှန်ပါသလား။
ဘုရင်။ ။မှန်ပါတယ်။
ရသေ့ ။မင်းမြတ် မုသာဝါဒဆိုတာ လွန်စွာအပြစ်ကြီးပါတယ်။ရှိသမျှဂုဏ်ကို ဖျက်ဆီးရုံမက အပါယ်သို့ပင်
ချတတ်ပါတယ်။မုသာဝါဒပြောဆိုသူမှန်လျှင် မိမိကိုယ်ကျင့်တရားကို သတ်ပစ်ရာရောက်ပါတယ်။
ကိုယ်ကျင့်တရားတွေသတ်ပစ်တဲ့သူဟာ မိမိကိုယ်လည်းမိမိသတ်ရာရောက်ပါတယ်။မုသားပြောသူ
ကိုယ်စောင့်နတ်များလည်း မစောင့်လိုကြပါ။ခံတွင်းကအပုပ်နံ့များလည်း ထွက်တတ်ပါတယ်။ရာထူး
လည်းလျှောတတ်ပါတယ်။[ထိုစကားကိုကြားလျှင်ဘုရင်သည်ကြောက်ရွံ့လာ၏။ထို့ကြောင့်သူ၏
သူငယ်ချင်း ကောရကလမ္ဗကို(ဘယ်နှယ့်လဲဟုမေးသောသဘောဖြင့်)ကြည့်ရှာလေသည်။]
ကောရ။ ။မင်းမြတ်အစတုန်းကပင် သည်လိုပြောပါလိမ့်မည်ဟု တင်ကြိုသံတော်ဦးတင်ခဲ့သည် မဟုတ်ပါလော။
ဘုရင်။ ။(အနည်းငယ်ရဲလာ၍ ပုရောဟိတ်ရသေ့ကိုပြောသည်မှာ)အရှင်ရသေ့၊အရှင်ကအငယ်၊ကောရကလမ္ဗ
ကအကြီးဖြစ်တယ်။
ဤမုသားကား ယခုကမ္ဘာပေါ်တွင် ပထမဆုံးမုသားတည်း။ထိုမုသားစကားပြောလိုက်သည်နှင့်
တစ်ပြိုင်နက် ဘုရင်ကိုစောင့်နေကျဖြစ်သော သက်တော်စောင့်နတ် ၄ ပါးတို့သန်လျက်ကိုပစ်ချ၍ကွယ်ပျောက်ကြ
တော့၏။ဘုရင်၏ခံတွင်းမှ ကြာညိုနံ့ကွယ်ပ၍ ကြက်ဥအပုပ်နံ့ထွက်လာ၏။တစ်ကိုယ်လုံးမှာလည်း စန္ဒကူးနံ့ကွယ်
ပျောက်၍အိမ်သာနံ့ကြီးပေါ်ပေါက်လာလေသည်။ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ကျရောက်
ရှာလေသည်။ထိုအခါ...................
ရသေ့။ ။(သနားကြင်နာသောမျက်နှာဖြင့်)မင်းမြတ်၊မုသားမပြောပါနှင့်၊အမှန်ကိုပြင်၍ပြောလျှင် တန်ခိုး
ဣဒ္ဓိများ မူလအတိုင်းရှိပါလိမ့်မည်။
ဘုရင်။ ။''အသင်ရသေ့တို့က ငါ့ကိုတန်ခိုးဖြင့်လှည့်ပတ်ကြသည်။ငါတော့နောက်ဆုတ်လိမ့်မည်မဟုတ်၊
သင်ရ%E

No comments:

Post a Comment