သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Monday, 2 January 2012

ပထမသင်္ဂါယနာ

ဗုဒ္ဓသာသနာပြုကြရအောင်
  ဘုရားရှင်၏ကျေးဇူးတော် 

- သုမေဓာရသေ့ဘ၀မှာ မိမိအတွက်ဆို နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သော်လည်း သတ္တ၀ါအားလုံး၏ အကျိုး အတွက် ကြည့်ရှုခဲ့သော ကျေးဇူးတော်
-
ဘုရားအလောင်းတော်ဘ၀တွင် ပါရမီ (၃၀) ကို ဘ၀ပေါင်းအနန္တ အသက်သွေးပေါင်းအနန္တတို့ဖြင့် ဖြည့်စွမ်းပေးခဲ့သော ကျေးဇူးတော်
-
နောက်ဆုံးလူ့ဘ၀တွင် လောကီချမ်းသာတို့၏ ထိပ်ခေါင်မင်းစည်းစိမ် ချမ်းသာအားလုံးကို စွန့်လွှတ်ပြီး သတ္တ၀ါအားလုံးအကျိုးအတွက် ရည်ရွယ်ပြီးဆောင်ရွက်ခဲ့သော ကျေးဇူးတော်တို့သည် တုနှိုင်း၍ မရအောင် ကျေးဇူးကြီးမားလှပေသည်။

ဘုရားရှင်၏ကျေးဇူးတော်
-
ဘုရားဖြစ်ပြီးသည့်နောက် သတ္တ၀ါအားလုံးတို့အား ဒုက္ခသံသရာမှ လွတ်မြောက်ပြီး ချမ်းသာအစစ်နိဗ္ဗာန် သို့မျက်မှောက်ပြုနိုင်ရေးအတွက် တရားဟော လမ်းညွှန်ပြသပေးခြင်း
- (
၄၅) ၀ါ (နှစ်) ပတ်လုံး တစ်နေ့တွင် တစ်နာရီမျှခန့်သာ ကျိန်း (အိပ်) တော်မူ၏။ အချိန်ရှိသလောက် သတ္တ၀ါ အားလုံးတို့အား တရားတော်များ ဟောပြော ပြသချီးမြှင့်တော်မူခဲ့ခြင်း။
-
သာသနာတော်ကို ထူထောင်ခဲ့သည့်အပြင် အနာဂတ်ကာလသာသနာတော်ပြန့်ပွားရေးအတွက် များလှ စွာသော ဓမ္မဒူတခရီးစဉ်များ စေလွှတ်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူးတော်များသည် သတ္တ၀ါအားလုံး အတွက် လောကီ လောကုတ်နှစ်ဖြာသောအကျိုးကို ပေါ်ပေါက်စေခဲ့သည်မှာ ဆပ်၍မကုန်နိုင်သော ကျေးဇူးတော်များ ဖြစ်ပေသည်။
အမြင့်မြတ်ဆုံးသောကျေးဇူး (ဂုဏ်တော်)
-
အနန္တစကြာဝဠာ သတ္တ၀ါအားလုံးတို့အား အမှန်ကိုသိမြင်စေရန်နှင့် ဉာဏ်အလင်းကို ထင်ရှားစွာ ရရှိကြ ရန် ပြသလမ်းညွှန်ပေးပြီး အကြီးမားဆုံးသော မေတ္တာနှင့် ကရုဏာထားတော်မူခဲ့သော ဘုရားရှင်၏ ကျေးဇူးတော်သည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။
-
မှန်စွာသိမြင် နားလည်သဘောပေါက်လာကြသော ပုဂ္ဂိုလ်မှန်သမျှတို့သည် ဘုရားရှင်၏ အဆုံးအမ များအား မပျက်စီး/မပျောက်ပျက်စေရန်ဝိုင်းဝန်း စောင့်ရှောက်ထိန်းသိမ်းကြရန် အထူးလုပ်ဆောင်လေ တော့မည်။

သင်္ဂါယနာတင်ကြခြင်း
-
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။
 

သာသနာ့အမွေဆက်ခံခဲ့ခြင်း
-
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု()ထု ပူးပေါင်း ကာ သင်္ဂါယနာ ()ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေ အောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသဘည်။
  ပထမအကြိမ်သင်္ဂါယနာတင်ခြင်း
() အကြောင်းခံ
     
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်ဖောက် ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

(
) သာသနာနှစ်
     
ဘုရားပရိနိဗ္ဗာန်ပြုပြီး ()လ နှင့် ()ရက်

) နေရာ
     
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ

(
) ခေါင်းဆောင်
      အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)

(
) သံဃာဦးရေ
     
ရဟန္တာပေါင်း (၅၀၀)

(
) မင်း
     
အဇာတသတ်မင်း

(
) ကြာမြင့်ချိန်
      (
)
 
- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ၀ိနည်း တော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာ ကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။

-
ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၎င်းင်းကို ထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု()စု ရရှိပြီး ပိဋကတ်()ပုံဟု ခေါ်တွင်သည်။

-
၎င်းပိဋကတ် ()ပုံမှာ ၀ိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။

-
အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော် များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ  တန်ခိုးကြီးမား ပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

-
ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်()ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

-
ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။

No comments:

Post a Comment